မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အကြို စာဖတ်ဝိုင်းပြုလုပ်

ဒဂုံတောင် ဇူလိုင် ၂

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် ယနေ့ နံနက် (၁၀)နာရီအချိန်က မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အကြိုအဖြစ် စာရေးဆရာမ စောမုံညင်း ရေးသားသော မြန်မာအမျိုးသမီး ဆင်ယင် ထုံးဖွဲ့မှု စာအုပ်ဖြင့် စာဖတ်ဝိုင်းကို လူထုအခြေပြုဗဟိုဌာန (Community Center)တွင် ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။

ရှေးဦးစွာ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဒေါ်သန်းသန်းအေးက စာဖတ်ဝိုင်း ပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ပြောကြားခဲ့ပြီး စာပေ ဝါသနာရှင် ဦးသိန်းစိုးက ဇူလိုင်လ (၃) ရက်နေ့တွင် ကျရောက်မည့် မြန်မာ့အမျိုးသမီးများနေ့ အထိမ်း အမှတ်အဖြစ်  စာရေးဆရာမ စောမုံညင်း ရေးသားသော မြန်မာအမျိုးသမီး ဆင်ယင်ထုံးဖွဲ့မှု စာအုပ်ထဲ က မြန်မာအမျိုးသမီးများ၏ ဝတ်စားဆင်ယင်ပုံ၊ အနေအထိုင် ယဉ်ကျေးသိမ့်မွေ့ပုံ အစရှိသည့် ဂုဏ်ယူ ဖွယ်ရာ အပြုအမှုများအကြောင်း ဖတ်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့နောက် စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသော စာဖတ်ပရိတ်သက်များနှင့် အပြန်အလှန် ဖတ်ကြား ဆွေးနွေးခဲ့ကြောင်း သတင်း ရရှိသည်။

သက်မင်းဟန်