သန်လျင်၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေး ဆောင်ရွက်

 

ရန်ကုန် ဇူလိုင်

ရန်ကုန်တောင်ပိုင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ရန်ကုန်တောင်ပိုင်းခရိုင် ကျေးလက်ဒေ သဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေး (Talk Show) အစီအစဥ်အား ယနေ့ နံနက် ၁၀ နာရီက ရန်ကုန်တောင်ပိုင်းခရိုင် (သန်လျင်) လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ကျင်းပသည်။

အသိပညာပေးဆွေးနွေးပွဲတွင် ရန်ကုန်တောင်ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးအရာရှိ ဒေါ်လှပိုမိုက နုတ်ခွန်းဆက်စကား ပြောကြားပြီး ရန်ကုန်တောင်ပိုင်းခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဒေါ်အေးအေးကြူက​ ကျေးလက်ဒေဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် ရေး လုပ်ငန်းများအား စဉ်ဆက်မပြက် ရည်မှန်းချက်များအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်နေမှုများနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် ကျေးလက်နေပြည်သူများက ဒေသဖွံ့ဖြိုးရေးစီမံကိန်းများတွင် ပူးပေါင်းပါဝင် ကာ စည်းလုံးညညွတ်စွာဖြင့် တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်မှသာ လုပ်ငန်းများ ပိုမိုအောင်မြင်နိုင်မည်ဖြစ်ပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဥပေဒနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်ပေးနေမှုတို့အား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုနောက် အသိပညာပေးဆွေးနွေးပွဲအား ရန်ကုန်တောင်ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ခရိုင်ဦးစီးအရာရှိ ဒေါ်လှပိုမိုက ကျေးဇူးတင်စ​ကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။