တာချီလိတ်မြို့တွင် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရမှုနှုန်း မြင့်တက်လျက်ရှိ

တာချီလိတ် ဇူလိုင် ၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်ရှိ DAT BAR မှ အမျိုးသား ဝန်ထမ်းတစ်ဦးသည် ယမန်နေ့က ကျန်းမာရေးစစ်ဆေးရာတွင် ကိုဗစ်ရောဂါပိုး ကူးစက်ခံထားရကြောင်း သိရှိရသည်။

ကျန်းမာရေးဝန်ထမ်းများက ၎င်းအမျိုးသားအလုပ်လုပ်ကိုင်နေသော DAT BAR ရှိ ထိစပ်သူ ဝန်ထမ်းများအား ဆေးစစ်မှု ယနေ့ မနက်ပိုင်းက ဆက်လက်ပြုလုပ်ခဲ့ရာတွင် အမျိုးသား ၆ဦး၊ အမျိုးသမီး ၈ဦး၊ စုစုပေါင်း ၁၄ဦး၊ ကိုဗစ်ရောဂါပိုး ကူးစက်ခံထားရသည်ကို တွေ့ရှိခဲ့ကြောင်း သိရှိရသည်။

တာချီလိတ်မြို့ပေါ်၌ ဇွန်လ ၂၈ ရက်နေ့တွင် ၃ ဦး၊ ဇူလိုင်လ ၁ ရက်နေ့တွင် ၁၃ ဦး၊ ဇူလိုင်လ ၂ ရက်နေ့တွင် ၁၄ ဦး၊ စုစုပေါင်း ၃၀ ဦး၊ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံထားရပြီဖြစ်ကြောင်း သိရှိရသည်။

ယာဆေး (ပြန်/ဆက်)