မိုင်းပျဉ်းမြို့တွင် ကိုဗစ်-၁၉ရောဂါပိုးရှိသူတစ်ဦးထပ်မံစစ်ဆေးတွေ့ရှိ

မိုင်းပျဉ်း   ဇူလိုင်  ၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့ ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် ယနေ့နံနက် ၆ နာရီက ကိုဗစ်ရောဂါပိုးရှိသူတစ်ဦးထပ်မံစစ်ဆေးတွေ့ရှိကြောင်းသိရသည်။

ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူမှာ မန္တလေးမြို့မှ တာချီလိတ်သို့သွားသည့် (၁၂)ဘီးယာဉ်နှင့် (၆)ဘီးယာဉ် နှစ်စီးတို့တွင် ယာဉ်မောင်းနှစ်ဦး၊ယာဉ်နောက်လိုက်တစ်ဦးဖြင့်ထွက်ခွာလာရာ ဇူလိုင် ၁ရက်နေ့ည ၁၁နာရီ အချိန်တွင်မိုင်းပျဉ်းမြို့သို့ ရောက်ရှိပြီး၊ မြို့အဝင်အထွက်စစ်ဆေးရေးဂိတ်တွင် ညအိပ်ရပ်နားကာ ယနေ့ နံနက်၆ နာရီ တွင်RDT Test Kit ဖြင့်စစ်ဆေးရာ(၁၂)ဘီးယာဉ်မောင်းနှင်လာသူတွင် ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိကြောင်း သိရသည်။

Covid-19 ပိုးတွေ့ရှိသူကို မိုင်းပျဉ်းမြို့ပြည်သူ့ဆေးရုံရှိ Isolation Ward သီးသန့်ထားရှိကာ ကျန်(၂)ဦး အား မိုင်းပျဉ်းမြို့Community Based Facility ၌ ထားရှိကြောင်းသိရသည်။မိုင်းပျဉ်းမြို့၌ ဇွန်လ ၃၀ ရက်နေ့က ကိုဗစ်အတည်ပြုလူနာတစ်ဦးတွေ့ရှိခဲ့ပြီး ယနေ့နံနက်ပိုင်းတွင် ကိုဗစ်အတည်ပြုလူနာ တစ်ဦး ထပ်မံတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မေမွန်ထွဋ်(ပြန်/ဆက်)