မင်းပြား ဇူလိုင် ၂
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်တွင် ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးတိုးရေးသင်တန်းကျောင်းနှင့် အမျိုးသမီးအိမ်တွင်းမှု သက်မွေး လုပ်ငန်းကျောင်းတို့၌ ယမန်နေ့ နံနက် ၈ နာရီက စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။
အဆိုပါ ၂၀၂၁ ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပပြုလုပ်ရာတွင် နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ မြောက်ဦးခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးလှထွန်း၊ မင်းပြားမြို့နယ် တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဦးကျော်ကျော်စိုး၊ အမျိုး သမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း ကျောင်းအုပ်ကြီး ဒေါ်မီမီဇံနှင့် ဒုတိယ ကျောင်း အုပ်သင်တန်းနည်းပြများ၊ ကျောင်းသား၊ ကျောင်းသူများ၊ အခြေခံအိမ်တွင်းမှုစက်ချုပ် သင်တန်းကျောင်းမှ သင်တန်းသူများက အဆိုပါကျောင်းဝင်းအတွင်း၌ ကျွန်း၊ မန်ကျည်ရှား၊ သစ် က နက်နှင့်ပိတောက်စသည့် အရိပ်ရသစ်ပင်များအား သင်တန်းကျောင်းပတ်ဝန်းကျင်၌ တပျော် တစ်ပါးစုပေါင်းစိုက်ပျိုးကြသည်။ ယခုလို မိုးရာသီတွင် သစ်ပင်များစိုက်ပျိုးခြင်းဖြင့် နိုင်ငံအဝန်း စိမ်းလန်းစိုပြေရေးနှင့် သဘာဝပတ်ဝန်းကျင်ရှိ ရာသီဉတုတိုးတက်ကောင်းမွန်ရေးကို တစ်ဘက် တစ်လမ်းမှ အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
ခင်မောင်ထွန်း(ပြန်/ဆက်)