မိုင်းဆတ်မြို့၌ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးခြင်း ဆောင်ရွက်

မိုင်းဆတ် ဇူလိုင် ၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ မိုးရာသီစုပေါင်းသစ်ပင် စိုက်ပျိုးခြင်းကို ယမန်နေ့နံနက် (၈) နာရီက ဝိန်းနေရပ်ကွက်တွင် မိုင်းဖုန်းဆရာတော်အား ရည်မှန်း၍ ဓမ္မာရုံဆောက်လုပ်လှူဒါန်းရာ တောင်ကုန်းရှိ သတ်မှတ်နေရာများတွင် စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေစေရန်၊ သဘာဝတောများ ကောင်းမွန်စေရန်၊ သစ်တောပြုန်းတီးမှုကြောင့် ကြုံတွေ့ရသည့် သဘာဝဘေးအန္တရာယ်နှင့် ရာသီဥတုအပူဒဏ် ကာကွယ်နိုင်ရန်၊ ရေတိုက်စားမှုကြောင့်ပျက်စီးဆုံးရှုံးသည့် သဘာဝတောများ ပြန်လည်ကောင်းမွန်စေရန် ရည်ရွယ်၍ စိုက်ပျိုးခဲ့ခြင်းဖြစ်သည်။

အဆိုပါ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးခြင်းကို မိုင်းဖုန်းဆရာတော်အား ရည်မှန်း၍ ဓမ္မာရုံ ဆောက်လုပ်လှူဒါန်းရာ တောင်ကုန်းဝန်းကျင်တွင် ပိတောက်ပျိုးပင် တစ်သောင်းခန့် စိုက်ပျိုးရန်လျာထားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးရွှေထွန်းနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်မိ၊ ရပ်ဖများက ပိတောက်ပျိုးပင် (၅၀၀) စိုက်ပျိုးခဲ့ကြောင်း သိရသည်။

မြင့်မောင်(ပြန်/ဆက်)