မိုင်းခတ် ဇူလိုင် ၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေး အတွက် နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့ နံနက် ၆ နာရီ အချိန်တွင် မြို့နယ် စည်ပင်သာယာစျေးအတွင်း၌ လှုပ်ရှားဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့အသိပညာပေးဆောင်ရွက်ခြင်းနှင့် (mask)များ အခမဲ့ဖြန့်ဝေခြင်းကို မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်စိုးနှင့် ဝန်ထမ်းများ၊ မြို့နယ်ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးဒေါက်တာဖြိုးထွဋ်ဘိုဘိုထွန်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မိုင်းခတ်မေတ္တာ လူမှုကူညီရေး အသင်းတို့ ပူးပေါင်းပြီး စျေးရောင်းချသူများ၊ စျေးသူ၊ စျေးသားများအား ပါးစပ်နှာခေါင်းစည်း (Mask)များကို မဖြစ်မနေတပ်ဆင်ရေး အသိပညာပေးခြင်းနှင့် (mask)များ အခမဲ့ဖြန့်ဝေပေးခဲ့ပြီး အသိပညာပေး ကာလပြီးပါက နေအိမ်အပြင်ထွက်လျှင် နှာခေါင်းစည်း (Mask) မတပ်ဆင်သူများကို ဒဏ်ငွေပေးဆောင်သည့် အရေးယူဆောင်ရွက်မှုများ ဆောင်ရွက်မည် ဖြစ်ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)