၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းတွင် မော်လမြိုင်မြို့နယ်မှ ကျောင်းသား၊ သူ (၂၅၀၆)ဦး အောင်မြင်

မော်လမြိုင် ဩဂုတ် ၁၁

၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ကိုဗစ်- ၁၉ ကူးစက် ကပ်ရောဂါကြောင့် ဩဂုတ် ၉ ရက်နေ့က အွန်လိုင်းစနစ်ဖြင့် တစ်နိုင်ငံလုံးတွင် တစ်ပြိုင်နက် ထုတ်ပြန်ကြေညာခဲ့ရာ အဆိုပါအောင်စာရင်းတွင် မော်လမြိုင်မြို့နယ်မှ ကျောင်းသား၊ ကျောင်းသူ  ၂၅၀၆ ဦး အောင်မြင်ခဲ့သည်။

၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် မော်လမြိုင်မြို့နယ်မှ ကျောင်းသား၊ ကျောင်းသူ (၅၉၄၉)ဦး ဝင်ရောက်ဖြေဆိုရာ (၂၅၀၆)ဦး အောင်မြင်ခဲ့ကြောင်း၊ အောင်မြင်သူများထဲတွင် ခြောက်ဘာ သာဂုဏ်ထူးရှင် ၁၁  ဦး၊ ငါးဘာသာဂုဏ်ထူးရှင် ၂၄  ဦး၊ လေးဘာသာဂုဏ်ထူးရှင် ၅၆  ဦး၊ သုံးဘာသာ ဂုဏ်ထူးရှင် ၈၈  ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ၁၂၂  ဦး၊ တစ်ဘာသာ ဂုဏ်ထူး ရှင်  ၃၄၂  ဦး စုစုပေါင်း ဂုဏ် ထူးရရှိသူ  ၆၄၃ ဦးရှိပြီး အောင်ချက်မှာ ၄၂.၁၂ ရာခိုင်နှုန်းဖြင့် မွန်ပြည်နယ် ၁၀ မြို့နယ် တွင် ဒုတိယရရှိ ခဲ့သည်။

၂၀၁၉  ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် မော်လမြိုင်မြို့နယ်အနေဖြင့် ကျောင်းသား/ သူ ၅၈၂၄  ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ ၂၆၁၇ ဦး အောင်မြင်ခဲ့ကြောင်း၊ အောင်ချက်ရာခိုင်နှုန်းမှာလည်း ၄၄.၉၃ ရာခိုင် နှုန်းဖြင့် မွန်ပြည်နယ် ၁၀ မြို့နယ်တွင် တတိယရရှိခဲ့ကာ ဂုဏ်ထူးရဦးရေမှာ ၃၆၉ ဦးရှိကြောင်း ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်း ပြည်နယ် စာရင်း အချုပ်မှ သိရသည်။

ခရိုင်(ပြန်/ဆက်)