ကျောက်တံတားမြို့နယ်အတွင်း စည်ပင်သာယာလုပ်ငန်းရေး လုပ်ငန်းများဆောင်ရွက်

ကျောက်တံတား ဇူလိုင် ၁ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ ခရိုင်စည်ပင်သာယာအုပ်ချုပ်ရေးမှူး၏ စီစဉ်ကြီးကြပ်မှုဖြင့် ယမန်နေ့ နံနက်ပိုင်းက ကျောက်တံတားမြို့နယ်၊ အမှတ်(၁) ရပ်ကွက်၊ ဆူးလေဘုရားလမ်း အနောက်ဘက်ခြမ်း (မဟာဗန္ဓုလလမ်းနှင့် ကုန်သည်လမ်းကြား)ရှိ အုတ်ရေမြောင်းအား ရှင်းလင်းခြင်း၊ ဖြတ်မြောင်းများရှင်းလင်းခြင်းကိုဆောင်ရွက်ခဲ့ကြောင်းသိရသည်။ ထိုသို့ဆောင်ရွက်ရာတွင် အဆိုပါရေမြောင်းများမှ မြောင်းချေးများအား Sino Truck (၃)စီး၊ Faw(၁)စီးတို့ဖြင့် သယ်ယူစွန့်ပစ်ခဲ့ကြောင်းသိရသည်။ အဆိုပါ ရေမြောင်းရှင်းလင်းရာသို့ အနောက်ပိုင်းခရိုင် စည်ပင်သာယာအုပ်ချုပ်ရေး၊ ခရိုင်ဌာနခွဲမှူးနှင့် တာဝန်ရှိသူများမှ ကြပ်မတ် ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။