ကျိုက်မရော ဇူလိုင် ၁
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနင့် ကျိုက်မရောမြို့နယ် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းဆာင်ရွက်သည့် စားသုံးသူအသိပညာပေး Talk Show အခမ်းအနားကို ယနေ့နက် ၁၀ နာရီက ကျိုက်မရောမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (CommunityCentre) ခန်းမ၌ ပြုလုပ်သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ချိုမြတ်မြတ်ထွေးက Talk Show ပြုလုပ်ခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံး၊ ထုတ်ကုန်လုံခြုံစိတ်ချဌာနခွဲတာဝန်ခံ ဒုတိယဦးစီးမှူး ဦးမင်းနောင်က စားသုံးသူပြည်သူများအနေဖြင့် မိမိတို့ရရှိမည့်အခွင့်အရေးများနှင့်လိုက်နာရမည့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ အခွင့်အရေးနှင့်လိုက်နာရမည့် တာဝန်များ၊ စားသုံးသူ ပြည်သူများ ကုန်စည်ဝန်ဆောင်မှု များနှင့်ပတ်သက်၍ ရယူသုံးစွဲရာတွင် နစ်နာဆုံးရှုံးမှုများနှင့် စားသုံးသူရေးရာ ဦးစီးဌာန၏ လက်ရှိ ဆောင်ရွက်လျက်ရှိသော စားသုံးသူအကာအကွယ်ပေးရေး လုပ်ငန်းငန်းများနှင့် ဆက်လက်ဆောင်ရွက်နေမှုများကို အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် စားသုံးသူရေးရာဦးစီးဌာန၏ Consumer Call Center ဝန်ဆောင်မှုများ ကို၂၀၂၁ခုနှစ် ဇွန်လ ဒုတိယအပတ်မှစတင်၍ စမ်းသပ်ဆောင်ရွက်လျက်ရှိကြောင်း စားသုံးသူပြည်သူများ အသိပညာ ဗဟုသုတရရှိစေရန်ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။
ချိုမြတ်မြတ်ထွေး