ပုဗ္ဗသီရိ ဇူလိုင် ၁
နေပြည်တော်၊ ဥတ္တရခရိုင်၊ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ A အဆင့်သတ်မှတ် ခြင်းခံရသည့် စားသောက်ဆိုင်များ၊ လက်ဖ္ဘက်ရည်ဆိုင်များအား ကျန်းမာရေးဦးစီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ထားခြင်း ရှိ၊မရှိကို တာဝန်ရှိသူများက ယမန်နေ့မွန်းလွဲပိုင်း တွင် လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာတွင် ပုဗ္ဗသီရိမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးစိန်ကြည်၊ အဖွဲ့ဝင် (၁) ဗိုလ်မှူး သန်းနိုင်ကျော်၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသိမ့်သိမ့်ထွေးနှင့် မြို့နယ်စည်ပင် သာယာရေးဦးစီးဌာနမှ တာဝန်ရှိသူတို့က မြို့နယ်အတွင်းရှိ အေးမြင့်သာယာကျေးရွာအုပ်စု၊ ခါးပြတ် ကျေးရွာ၊ ရာဇဌာနီလမ်းမကြီးဘေးတွင် ဖွင့်လှစ်ထားသော စားသောက်ဆိုင်များနှင့် လဖ္ဘက်ရည် ဆိုင်များအား ကျန်းမာရေးဦးစီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ စားသောက်ဆိုင်တွင် ပြင်ဆင်ထားရှိရမည့်အချက်များ၊ စားသောက် ဆိုင်မှ တာဝန်ရှိသူများ၊ ဝန်ထမ်းများလိုက်နာဆောင်ရွက်ရမည့် အချက်များနှင့် စားသုံးသူများ လိုက်နာဆောင်ရွက်ရမည့် အချက်များအား လိုက်နာဆောင်ရွက်မှု ရှိ၊မရှိ စစ်ဆေး၍ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့် အညီ စနစ်တကျဆောင်ရွက်ရေး ညွှန်ကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)