(၃၉)ကြိမ်မြောက်ပရိယတ္တိသာသနပါဒက စာပြန်ပွဲအောင်လက်မှတ်ဆက်ကပ်ပွဲ အခမ်းအနားကျင်းပ

မောက်မယ်  ဇူလိုင်   ၁

 သာသနာတော်ကြီး တည်တံ့ပြန့်ပွားစေရန်အတွက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင် ၊ မောက်မယ်မြို့နယ်လုံးဆိုင်ရာ၌ (၃၉) ကြိမ်မြောက်ပရိယတ္တိသာသနပါဒက စာပြန်ပွဲ အောင်လက်မှတ်ဆက်ကပ်ပွဲ အခမ်းအနားကို ယနေ့ နေ့လယ် ၁ နာရီက ပရိယတ္တိစာသင်တိုက် ကျောင်းကြီးကျောင်းတိုက်တွင်ကျင်းပခဲ့သည်။

ရှေးဦးစွာအခမ်းအနားကိုနမောတဿ(၃)ကြိမ်စုပေါင်းရွတ်ဆိုပူဇော်ကန်တော့ပြီးအခမ်းအနားဖွင့်လှစ်ရာ  မြို့နယ်သြဝါဒစရိယ ပရိယတ္တိသာသနပါဒက စာသင်တိုက်ဦးစီး ပဓာနနာယက ဆရာတော်ထံမှ ငါးပါးသီလခံယူကြသည်။ ဆက်လက်ပြီး စာချဆရာတော်များအား လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ   မြို့နယ်အုပ်ချုပ်ရေးမှူး  ဦးမြင့်ဇော်နှင့် တာဝန်ရှိသူများကစာအောင်သံဃာတော်များ အား အောင်လက်မှတ်များ အသီးသီးဆက်ကပ်၍ (၃၉)ကြိမ်မြောက် စာပွဲတော်ကြီး လှူဒါန်းပြုစု ရသော ဒါနကောင်းမှုအစုစုတို့ကို ရေစက်သွန်းချ အမျှပေးဝေကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံဒိဌတု(၃)ကြမ်ရွတ်ဆိုကာ ပိတ်သိမ်းခဲ့ကြောင်း သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)