ထန်းတပင် ဇူလိုင် ၁
ထိခိုက်ဒဏ်ရာရရှိမှု အမျိုးအစားလိုက် ကူညီဆောင်ရွက်နိုင်ရေးနှင့် ရှေးဦးပြုစုနည်းပညာရပ်များကို ရပ်ကွက်၊ ကျေးရွာနေပြည်သူများ သိရှိနားလည်ကာ အရေးပေါ်အခြေအနေများတွင် ကူညီဆောင်ရွက်ပေးနိုင် ရေးတို့အတွက် အခြေခံရှေးဦးပြုစုနည်းသင်တန်းကို ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်တွင် ဖွင့်လှစ် ဆောင်ရွက်ပေးခဲ့ကြောင်း ထန်းတပင်မြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှ သိရသည်။
သင်တန်းကနေ ရှေးဦးပြုစုနည်းပညာရပ်တွေကို အခြေခံစာတွေ၊ လက်တွေ့ပိုင်းတွေကိုသင်ကြားပေး ခဲ့ပါတယ်၊ အဓိကအနေနဲ့ကတော့ အသက်ရှုအားကူနည်းနဲ့ အရေးပေါ်ထိခိုက်ဒဏ်ရာ ရရှိပါက ပြုစုပေးနည်း တွေကို သင်ကြားပေးခဲ့ပြီးတော့ လတ်တလောမှာ ပြန်လည်ဖြစ်ပွားလာတဲ့ ကိုဗစ်-၁၉ ရောဂါနဲ့ ပတ်သက်လို့ ကြို တင်တာကွယ်ရေး လုပ်ငန်းစဉ်တွေကိုပေါ့ ရပ်ကွက်၊ ကျေးရွာအတွင်းမှာ ပြန်လည်အသိပညာပေး ဆောင်ရွက်နိုင်ဖို့ကိုလည်း သင်ကြားပေးခဲ့ပါတယ်ဟု မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဒေါ်ကြည်ကြည်ဝင်းက အခြေခံရှေးဦးပြုစုနည်း သင်ကြားပေးခဲ့မှုအခြေအနေများနှင့် ပတ်သက်၍ ရှင်းပြသည်။
အခြေခံရှေးဦးပြုစုနည်းသင်တန်းကို မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ ဦးဆောင်၍ ဇွန်လ(၂၂)ရက်နေ့မှ ဇွန်လ(၂၄) ရက်နေ့အထိ (၃) ရက်ကြာ မြို့ကျက်သရေဆောင်တဝရွှေဂူကြီးဘုရား အာရုံခံတန်ဆောင်းတွင် ဖွင့်လှစ် ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပြီး သင်တန်းတွင် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဒေါ်ကြည်ကြည်ဝင်း၊ သင်တန်း နည်းပြဆရာ ဦးအောင်ကျော်ဦးနှင့် ဦးကျော်မြင့်တို့က ရပ်ကွက်အတွင်းရှိ စိတ်ပါဝင်စားသူ သင်တန်းသား၊ သင် တန်းသူ(၂၀) ဦးတို့ကို အခြေခံရှေးဦးပြုစုနည်းပညာရပ်များနှင့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းစဉ်များကို သင်ကြားပို့ချပေးခဲ့ကြောင်းလည်း သိရသည်။
ဇင်မင်းထိုက်