တပ်ကုန်းမြို့နယ်တွင် လူငယ် လူရွယ်များ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရေး  အခြေခံထွန်စက်မောင်းသင်တန်းဖွင့်လှစ်

တပ်ကုန်း   ဇူလိုင်  ၁

 နေပြည်တော်၊ တပ်ကုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း  လူငယ်လူရွယ်များ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရေး  ဆောင် ရွက်သည့် အခြေခံထွန်စက်မောင်းသင်တန်းကို ယနေ့နံနက် ၁၀နာရီခွဲက ကိုဗစ်-၁၉ ရောဂါကြို တင်ကာကွယ်ရေးညွှန်ကြားချက်များနှင့်အညီ ရှားတောကျေးရွာအုပ်စု၊ ဂွေးပင်ကျေးရွာ ဘုန်း တော်ကြီး (မြောက်)ကျောင်းတွင် ကျင်းပသည်။

သင်တန်းဖွင့်ပွဲတွင်  မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးဆက်နိုင်ထွန်းက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များ ပြောကြားပြီး၊ မြို့နယ်စက်မှုလယ်ယာဦးစီးဌာန ၊အမှတ်(၆၈)စက်မှုလယ်ယာစခန်း ဦးစီးမှူး ဦးအောင်နိုင်ဝင်းက သင်တန်းမိတ်ဆက်စကားပြောကြားခဲ့သည်။ထိုအခြေခံထွန်စက်မောင်းသင်တန်းကို သင်တန်း သား(၂၀)ဦးတက်ရောက်ပြီး သင်တန်းကာလမှာ(၁.၇.၂၀၂၁)မှ (၃၀.၇.၂၀၂၁)ရက်နေ့ထိ ဖြစ်၍  ကွင်းအမှတ်(၂၀၄၃)ကွင်း၊ဂွေးပင်ကျေးရွာ၊ တောင်သူ ဦးတင်ညို ပိုင်ဆိုင်သည့် ယာမြေပေါ်တွင် စာတွေ့/လက်တွေ့ သင်ကြားသွားမည်ဖြစ်ကြောင်း  သိရသည်။

တင်စိုးလွင်(ပြန်/ဆက်)