နွားထိုးကြီးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဆောက်လုပ်မှု(၆၀)ရာခိုင်နှုန်းပြီးစီး

နွားထိုးကြီး   ဩဂုတ်  ၁၁

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင် ၊နွားထိုးကြီးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်ပြည်ထောင်စုဘတ်ဂျက်ဖြင့် Myanmar Link Us Co.,Ltd. မှ ၂၀၂၀ပြည့်နှစ် မေလ ၁ရက်နေ့တွင် စတင်ပြီး တာဝန်ယူဆောက်လုပ်ခဲ့ရာ ယခုအချိန်တွင်(၆၀)ရာခိုင်နှုန်းပြီးစီးနေပြီး ဖြစ်ကြောင်းသိရသည်။

အဆိုပါအဆောက်အဦးသည် အလျား(၄၈)ပေ၊ အနံ(၃၆)ပေ၊ အမြင့်(၁၂)ပေရှိ Rc တစ်ထပ်ဖြစ်ပြီး၂၀၂၀ပြည့်နှစ် နိုဝင်ဘာရွေးကောက်ပွဲအမီ ပြီးစီးနိုင်ရေးဆောင်ရွက်သွားမည်ဟု မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှသိရသည်။

နိုင်လင်း(ပြန်/ဆက်)