ရန်ကုန် ဩဂုတ် ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ သွားရေးလာရေး အဆင်ပြေစေရန် ရည်ရွယ်၍ တန်းမြင့်ကျော်လမ်း လူတန်းစင်္ကြန်ပလက်ဖောင်း ပြုလုပ်ခြင်းကို ယမန်နေ့ နံနက်(၁၁)နာရီအချိန်က ပြုလုပ်ဆောင်ရွက် လျက်ရှိသည်။
ဆောင်ရွက်ရာသို့ အင်းစိန်မြို့နယ်၊စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးသိန်းသန်းနှင့် တာဝန်ရှိသူ များသည် မြို့နယ်လမ်း တံတားဆိုင်ရာ လုပ်ငန်းတာဝန်ခံ အဖွဲ့မှ AE ဦးသန်းဦး တာဝန်ယူ ဆောင်ရွက်လျက်ရှိသော နံ့သာကုန်းရပ်ကွက်၊ တန်းမြင့် ကျော်လမ်း လူသွားစင်္ကြန် ပလက်ဖောင်း ပြုလုပ်နေသည့် လုပ်ငန်းခွင်သို့ သွားရောက်၍ ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည် များကို လမ်းညွှန်မှာ ကြားခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)