လားရှိုးမြို့၌  ကိုဗစ်(၁၉)အတည်ပြုလူနာထပ်တိုးလျက်ရှိနေ

လားရှိုး     ဇူလိုင်    ၁

ကိုဗစ်(၁၉)ကာကွယ်ထိန်းချုပ် ကုသရေးမြို့နယ်အဆင့်ကော်မတီ၏ စာရင်းများအရ ဇွန်လ(၃၀)ရက်နေ့ အထိ ကိုဗစ်−၁၉ ရှိ၊ မရှိကို စုစုပေါင်း(၁၈၃၅)ဦး စစ်ဆေးခဲ့ရာ ပိုးတွေ့လူနာပေါင်း(၄၂၇)ဦး ရှိကြောင်း သိရသည်။

လားရှိုးပြည်သူ့ဆေးရုံကြီး စောင့်ကြည့်ကုသဆောင်၌ (၁၇၄) ဦး ရှိနေပြီး ပြည်ထောင်စု အားကစားကွင်း မိုးလုံလေလုံ စောင်ကြည့်ကုသဆောင်၌ ကိုဗစ်(၁၉)အတည်ပြုလူနာ စုစုပေါင်း (၁၃၆)ဦးရှိကြောင်း၊ ဆေးရုံဆင်းသူ (၁၁၁)ဦး ရှိကြောင်း၊ သေဆုံးသူ (၆)ဦး ရှိကြောင်း၊  မိုးကုတ်ဝိပဿနာ၌ CBFQ ထားရှိသူ(၂၆)ဦးရှိကြောင်း နှင့် ကိုဗစ်(၁၉)ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီမှလည်း မြို့တွင်းရပ်ကွက်(၁၂)ခုလုံး၌ နေ့စဉ် Stay at home  အစီအစဉ်မှ လိုက်နာရမည့် အကြောင်းအရာများကို သတ်မှတ်အဖွဲ့များအလိုက် ပညာပေး လုပ်ငန်းများ လုပ်ဆောင်ပေးလျက် ရှိကြောင်း သိရသည်။

ဟန်ဌေး(လားရှိုး)