လားရှိုး ဇူလိုင် ၁
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ ယနေ့ နံနက်(၉)နာရီအချိန်က သစ်ပင်စိုက်ပျိုးပွဲကျင်းပကြောင်းသိရသည်။
ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသန်းအောင်၊ ကျောင်းအုပ်ဆရာကြီး ဦးဆန်းဝင်း သိန်းတို့က ပျိုးပင်များကို ဆရာ၊ဆရာမများနှင့် ကျောင်းသားကျောင်းသူများအား ပျိုးပင်များကို ပေးဝေ ခဲ့ပြီးနောက် ကျောင်းဝင်းအတွင်း၌ စုပေါင်းစိုက်ပျိုးခဲ့ကြသည်။
ထိုသို့ စုပေါင်းစိုက်ပျိုးရာတွင် မယ်ဇလီ၊ရေသင်းဝင်၊လိုက်စ်ချီးစ်၊ပိန္နဲ အစရှိသောပျိုးပင်ပေါင်း (၂၅၀)ပင် ကိုစိုက်ပျိုးခဲ့ကြပြီး အဆိုပါလူငယ်သင်တန်းကျောင်း၌ ကျောင်းသားကျောင်းသူပေါင်း(၁၄၂)ဦး ရှိကြောင်းသိရသည်။
ဟန်ဌေး(လားရှိုး)