အောင်မြေသာစံ ဇူလိုင် ၁
အကျဉ်းဦးစီးဌာန၊ မန္တလေးဗဟို အကျဉ်းထောင်၌ ဆူပူဆန္ဒပြမှု ဖြစ်စဉ်များနှင့်ပတ်သက်၍ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က အမှုများမှ မြန်မာနိုင်ငံရဲတပ်ဖွဲ့က စစ်ဆေးဆဲ အချုပ်သား/အချုပ်သူများနှင့် တရားရုံး၌ စစ်ဆေးဆဲ အချုပ်သား/အချုပ်သူများအနက်မှ ပြန်လည်လွှတ်ပေးသင့်သူများအား အမှုမှရုပ်သိမ်းပေး၍ ပြန်လည်လွှတ်ပေးသည့် အခမ်းအနားကို ယနေ့ညနေ၄နာရီ၄၅မိနစ်က အောင်မြေသာစံမြို့နယ်၊ အိုးဘိုရွှေကျင်ရပ်ကွက်ရှိ မန္တလေးဗဟို အကျဉ်းထောင် ဓမ္မာရုံတွင် ကျင်းပသည်။ အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်(၁)၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်မင်းက အမှုမှရုပ်သိမ်းပေး၍ ပြန်လည်စေလွှတ်မည့် အချုပ်သား/အချုပ်သူများအား ဆုံးမစကားများ ပြောကြားပြီး သက်ဆိုင်ရာမြို့နယ်များအလိုက် ပြန်လည်စေလွှတ် ပေးခဲ့သည်။ မန္တလေးဗဟို အကျဉ်းထောင်မှ အမှုမှရုပ်သိမ်း ပေး၍ ပြန်လည်စေလွှတ်ပေးသည့်သူများမှာ အချုပ်သား (၅၆၆)ဦး၊ အချုပ်သူ(၁၀၄)ဦး၊ စုစုပေါင်း(၆၇၀)ဦး ရှိကြောင်း သိရသည်။ ဇော်လင်းဦး(အောင်စံ)