ဖားကန့် ဇူလိုင် ၁
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ဖားပြင်ကျေးရွာအနီး ရတနာတောင်တန်း (YTT)လုပ်ကွက်ကျင်းဟောင်းသည် ယမန်နေ့ညနေ (၄)နာရီခွဲက အမြင့်ပေ (၂၀၀)ခန့် အလျား(၄)ပေခန့်မှ ကမ်းပါးယံပြိုကျသဖြင့် အောက်ခြေ ရေမဆေးကျောက်ရှာဖွေသူ(၃)ဦး နှစ်မြုပ်ပျောက်ဆုံးခဲ့သည်။ အခင်းဖြစ်ပွားရာသို့ ဖားပြင်ကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ့နှင့် ဖားပြင်ကျေးရွာ လူမှုကူညီရေးအသင်းမှ ရှာဖွေဆောင်ရွက်ခဲ့ရာ နှစ်မြုပ်ပျောက်ဆုံးသော ရုပ်အလောင်း(၃)ဦးအား တွေ့ရှိခဲ့သည်။ အဆိုပါ ပျောက်ဆုံးနေသူများမှာ ဆိပ်မူကျေးရွာအုပ်စု ရှမ်းစုကျေးရွာနေကြသူများဖြစ်ပြီး ရုပ်အလောင်းများကို ဖားပြင်ကျေးရွာ လူမှုကူညီရေးအသင်းယာဉ်ဖြင့် ဆိပ်မူကျေးရွာအုပ်စု ရှမ်းစုကျေးရွာသို့ သယ်ဆောင်သွားကြောင်းနှင့် ဖားကန့်မြို့နယ်၌ ၂၀၁၉−၂၀၂၀ ခုနှစ်အတွင်း မြေပြိုမှု (၃၁)ကြိမ် သေဆုံးသူ(၂၀၁)ဦးနှင့် ၂၀၂၀−၂၀၂၁ ခုနှစ် ယနေ့အထိမြေပြိုကျမှု (၇)ကြိမ်၊ သေဆုံးသူ (၈)ဦးရှိကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)