ချမ်းအေးသာစံမြို့နယ်တွင် သံဃာတော်များကို ဆွမ်းဆက်ကပ်လှူဒါန်း

မန္တလေး ဇွန် ၃၀

မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ အစီစဉ်ဖြင့် ချမ်းအေးသာစံ မြို့နယ်တွင် သံဃာတော်များ ဆွမ်းဆက်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက် ၁၀ နာရီက မန္တလေး၊ ချမ်းအေးသာစ ံမြို့နယ်၊ မိုးကောင်းကျောင်းတိုက်၊ ဒိုက်ဦးကျောင်း ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ဒိုက်ဦးကျောင်း ဆရာတော်ထံမှ ငါးပါးသီလခံယူခြင်း၊ အနုမောဓနာတရားနာယူခြင်း တက်ရောက် လာကြကုန်သော ဧည့်ပရိတ်အပေါင်းတို့မှ သြကာသကန်တော့ကျိုးအား ညီညီညာညာ ရွတ်ဆိုပူဇော်ကြပြီး ဆရာတော်အရှင်သူမြတ်တို့အား လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ကြကာ ဆရာတော် အရှင်သူမြတ်တို့မှ မေတ္တာသုတ် တရားတော် ချီးမြင့်ပေးခဲ့ကြပြီးနောက် ဆရာတော် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ ချမ်းအေးသာစံမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ ဖြစ်သည့် ဗိုလ်မှူး အေးလင်းထွန်း၊ ဦးဇော်ဖေနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက် ခဲ့ကြကြောင်း သိရသည်။

ထိပ်ထားနိုင်