ရန်ကုန်အရှေ့ပိုင်းခရိုင်အတွင်းရှိ ပြည်သူ့စာကြည့်တိုက်များသို့ သုတစာအုပ်များ လှူဒါန်း

သင်္ဃန်းကျွန်း  ဇွန်  ၃၀

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရန်ကုန်အရှေ့ပိုင်းခရိုင်အတွင်းရှိ ပြည်သူ့ စာကြည့်တိုက်များသို့ စာအုပ်လှူဒါန်းပွဲကို ယနေ့နံနက် ၁၁ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ရန်ကုန်အရှေ့ပိုင်းခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့သည်။

အဆိုပါ စာအုပ်လှူဒါန်းပွဲတွင် ခရိုင်ဦးစီးအရာရှိ ဒေါ်စန္ဒာမိုးမှ စာရေးဆရာများကိုယ်စား မြို့နယ်ပြည်သူ့စာကြည့်တိုက် တာဝန်ခံများသို့ စာရေးဆရာမမီမိုးရေးသားထားသော “လွင်ပြင်ထဲက မိုးနှင့်မြူ”၊ စတုတ္ထအကြိမ်မြောက်  ရွှေအမြုတေစာပေဆု ဝတ္ထုတိုဆုရ  “မဆာတတ်သူများနှင့် အခြားဝတ္ထုတိုများ”၊ တောင်ဥက္ကလာပမြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် လှူဒါန်းသော စာရေးဆရာသံဗျင်ဦး၏ မြစ်ကမ်းလမ်းနေရာ ဝတ္ထုတိုများ၊ ပြည်တွင်းပြည်ပသာသနာပြု မဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ရ ဆရာမကြီး ကမ္ဘာလှည့် တင်တင်စိန်အကြောင်း တစေ့တစောင်း ဆောင်းပါးများ စုစည်းမှု၊ စာရေးဆရာ ဦးသန်းထွတ်၏ “ကျွန်တော်နှစ်သက်မိသော ကဗျာများ” စုစုပေါင်း (၁၇၀)အုပ်ကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

လင်းလင်းထွန်း