ပင်လောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာသုံးဦးတွေ့ရှိ

 
 
ပင်လောင်း ဇွန် ၃၀
 
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့ ပေါ်တွင် ဇွန် ၃၀ ရက်က ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာ သုံးဦး တွေ့ ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
 
ပင်လောင်းမြို့ အရှေ့ရပ်ကွက်တွင် ခေတ္တလာရောက်တည်းခိုခဲ့သည့် ဒေါတမရပ်ကွက်၊ လွိုင်ကော်မြို့နေသူ သည် ဇွန် ၂၉ ရက်က နေမကောင်း၍ လွိုင်ကော်ပြည်သူ့ဆေးရုံသို့ ပြသရာ ကိုဗစ်-၁၉ ရောဂါ တွေ့ရှိခဲ့ရာ အဆိုပါ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာနှင့် ထိတွေ့ ဆက်စပ်ခဲ့သူများအား ပင်လောင်းမြို့နယ် ပြည်သူ့ဆေးရုံက RTD Test Kit ဖြင့် စစ်ဆေးရာ ဇွန် ၃၀ ရက် နံနက်ပိုင်းအထိ အတည်ပြုလူနာ ၃ ဦး တွေ့ရှိခဲ့ခြင်းဖြစ်သည်။
 
အဆိုပါ အတည်ပြုလူနာများအား ပင်လောင်းမြို့နယ်ပြည်သူ့ဆေးရုံ သီးသန့်ဆောင်၌ ကျန်းမာရေးစောင့်ရှောက်မှုများပြုလုပ်ပေးထာပြီး ဆက်စပ်ထိတွေ့သူများလည်း ထပ်မံစစ်ဆေး ပေးလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
 
 
 
မြို့နယ်(ပြန်/ဆက်)