နမ့်စန်(တ) ဇွန် ၃၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့၊ အမှတ်(၄)ရပ်ကွက်တွင်နေထိုင်သူ အသက် (၃၂)နှစ် အရွယ် အမျိုးသားတစ်ဦးနှင့် ၄င်း၏ ဇနီး အသက်(၃၂)အရွယ် အမျိုးသမီး ၁ ဦး တို့သည် နေမကောင်းသဖြင့် ယမန်နေ့ နေ့လည်ပိုင်းက မြို့နယ် ပြည်သူ့ဆေးရုံသို့ လာရောက်ပြသခဲ့ပြီး မြို့နယ်ပြည်သူ့ ဆေးရုံမှ တာဝန်ရှိသူများက အဆိုပါ ၂ ဦးတွင် ကိုဗစ်-၁၉ရောဂါလက္ခဏာများ တွေ့ရှိရသဖြင့် RDT Test Kit ဖြင့်စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိ ခဲ့ကြောင်းသိရသည်။
ဆက်လက်၍ မြို့နယ်ဆရာဝန်ကြီးနှင့် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး ကော်မတီမှ တာဝန်ရှိသူများက အဆိုပါ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိ သူ ၂ဦး နှင့် ထိတွေ့မှု ရှိခဲ့သူ ၁၀ ဦးအား Test Kit ဖြင့် စစ်ဆေးခဲ့ရာ ၄င်းတို့ထံတွင် ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိကြောင်း သိရသည်။
မြို့နယ်မှတာဝန်ရှိသူများက အဆိုပါ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ ၂ဦးကို မြို့နယ်ပြည်သူ့ဆေးရုံ ဝန်းအတွင်းရှိ သံဃာဆေးကုသဆောင်တွင် သီးသန့်ထားရှိ၍ ဆေးကုသပေးလျက်ရှိပြီး ထိတွေ့မှု ရှိခဲ့သူ အမျိုးသား ၂ ဦး နှင့် အမျိုးသမီး ၈ ဦး ၊စုစုပေါင်း (၁၀)ဦးကို မြို့နယ်ပြည့်သူ့ ဆေးရုံ အနောက်ဘက်ရှိ (Facility Quarantine)၄ထပ်အဆောက်အဦတွင်ထားရှိ၍အသွားအလာ ကန့်သတ် ဆောင်ရွက်ထားရှိကာ ဒုတိယအကြိမ် ထပ်မံစစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ် ဆရာဝန်ကြီး ထံမှသိရသည်။
မြို့နယ်(ပြန်/ဆက်)