ရခိုင်ပြည်နယ် မောင်တောမြို့၌ မြို့နယ်အဆင့် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးပြုလုပ်

မောင်တော ဇွန် ၃၀

ရခိုင်ပြည်နယ် ၊ မောင်တောမြို့၌ မြို့နယ်အဆင့် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီ  အချိန်  မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်း အဝေး ခန်းမ၌ ပြုလုပ်ခဲ့ကြသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကံထွန်းအောင်မှ အဖွင့်အမှာစကားပြောကြားရာတွင်  ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများအား အရှိန်အဟုန်မြှင့်ကာ ဆက်လက် ဆောင်ရွက် စေလိုကြောင်း၊  ဈေး ရောင်း၊ ဈေး ဝယ် သူများအား နှာခေါင်းစည်းတပ်ဆင်ရောင်းချနိုင်ရေး သက်ဆိုင်ရာဌာနမှ  ကြီးကြပ်ဆောင်ရွက်ရန် ၊ပြည် သူ လူထု များအား ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ညွန်းကြားထားသော လမ်းညွန်းချက်များနှင့်အညီ  လိုက်နာ နေထိုင် ဆောင်ရွက်ကြရန်  ထပ်မံ အသိပညာပေး နှိုးဆော်ပေးရန်နှင့် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်နိုင်ရေး နှင့် ကူး စက် ပြန့် ပွားမှု မဖြစ်ပေါ်လာစေရေးအတွက် ကျေးရွာ၊ ရပ်ကွက် များရှိ သတ်မှတ်နေရာအသီးသီးတွင်  ယာယီမဏ္ဍပ်ငယ်များ တည်ဆောက်ပြီး  ပြည်သူများနေအိမ် ပြင်ပထွက်ခေါ်လာပါက နှာခေါင်းစည်း (Mask) စနစ်တကျ တပ်ဆင်ရေးနှင့် ကိုယ်အပူချိန်တိုင်းတာ စစ်ဆေးခြင်းများ ဆောင် ရွက်နိုင်ရန် အတွက် ဌာနဆိုင်ရာများ နှင့် ရပ်ကွက် ကျေးရွာ အုပ်ချုပ် ရေးမှူးများမှ စနစ်တကျ ပူးပေါင်း ဆက်လက် ဆောင်ရွက်ရမည်ဟု ပြောကြားပြီး  ယခုအခါ မောင်တောမြို့၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူများ ပြားလာသည့်အတွက် မောင်တော ပြည်သူ့ဆေးရုံး၌  လူနာများ ထား ရှိရန် အတွက် နေရာ အခက် အခဲများရှိသဖြင့် လိုအပ်လာပါက ယာယီ ဆေး ရုံငယ် အဖြစ် ဆောင်ရွက်မည့်  သီရိမင်္ဂလာ ခန်းမတွင် လူနာများ ထားရှိနိုင်ရေးအတွက် ကြီးကြပ် ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်း ပြောကြားခဲ့သည်။ 

ထို့နောက် တက်ရောက်လာသော ဌာနဆိုင်ရာ တာဝန်ရှိသူများက လိုအပ်ချက်များ နှင့် အခက်အခဲများ အား တင်ပြဆွေးနွေးခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ပေါင်းစပ် ညိနှိုင်း ပေးခဲ့သည်။ မောင်တောမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားလာသည့်အတွက် အသိပညာပေး လုပ်ငန်းများ နှင့်  မြို့အဝင် ၊ အထွက် ဂိတ်များတွင်လည်း  အခြားမြို့များမှ ဝင်ရောက်လာသည့် မော်တော် ယာဉ်များနှင့် လိုက်ပါလာသည့် ပြည်သူများကိုလည်း ကိုယ်အပူချိန် တိုင်းတာခြင်း၊ နှာခေါင်းစည်း တပ်ဆင်ပြီးမှ မြို့ အတွင်း သို့ ဝင်ရောက်စေရေး ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သက်လွင်စိုး