တကောင်းမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေး နှိုးဆော်ခြင်းနှင့် Mask Campaign ပြုလုပ်

တကောင်း ဇွန် ၃၀

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ တကောင်းမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေး အသိပညာပေး နှိုးဆော်ခြင်းနှင့် Mask Campaign ပြုလုပ်ခြင်းကို ယနေ့နံနက် ၈ နာရီက ပြည်သူ့ဆေးရုံရှေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေး ဆောင်ရွက်ရာတွင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူး ဦးမင်းဝေဇံ ဦးဆောင်ကာ သက်ဆိုင်ရာဌာနဆိုင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများ ပူးပေါင်း၍ ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေးနှင့် ပတ်သက်ပြီး ရောဂါကူးစက်မှု မရှိစေရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကျန်းမာရေး လမ်းညွှန်ချက်များအား သိရှိစေရန် အသိပေးနှိုးဆော်ခြင်းနှင့် နေအိမ်းအပြင်ထွက်တိုင်း နှာခေါင်းစည်း (Mask)များ စနစ်တကျ တပ်ဆင်သွားကြရန် အသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)