Mask Campaign နှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ပညာပေးခြင်းများ ဆောင်ရွက်

 

ရွှေပြည်သာ ဇွန်၃၀

ကိုဗစ်၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရန်နှင့် ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ ရန်ကုန် တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၇) အခြေခံပညာအလယ်တန်း ကျောင်းတွင် ယနေ့နံနက် ၉ နာရီ အချိန်က ရွေပြည်သာမြို့နယ်၊ ကြက်ခြေနီသူနာပြု တပ်ဖွဲ့ ဒုတိယမြို့နယ်တပ်ဖွဲ့မှူး ဒေါ်ခိုင်ခိုင်ယုဦးဆောင်၍ Mask နှာခေါင်းစည်းတပ်ဆင်ရန် လိုအပ်သည့် ကျောင်းသား၊ ကျောင်းသူများအား Mask များတပ်ဆင်စေခြင်း၊ အပြင်ထွက်သည့် အခါ တိုင်းနှာခေါင်းစည်း( Mask )တပ်ဆင်၍ ထွက်ကြရန်၊ လက်ကို မကြာခဏ ဆေးကြောရန်၊

လူစုလူဝေးများ ရှောင်ရှားကြရန်၊ တတ်နိုင်သမျှ ခပ်ခွာခွာနေထိုင်ရန်၊ ကျန်းမာရေးနှင့်အားက စားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များအတိုင်း လိုက်နာကြရန်၊ ကြက်ခြေနီ အသင်းနှင့် ပတ်သက်၍ လိုအပ်သည့် အကူအညီများရှိပါက အချိန်မရွေး ဆက်သွယ်နိုင်ကြောင်း ပညာပေးဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ထုတ်ဝေသော လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။

ထို့နောက် ရွေပြည်သာမြို့နယ်၊ ကြက်ခြေသူနာပြုတပ်ဖွဲ့ဝင်များက ကျောင်းများသို့လှည့်လည်၍ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုမရှိစေရန် အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အေးမိုး