ရသေ့တောင်မြို့နယ် Cornavirus Disease 2019(Covid-19) ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရသေ့တောင်  ဇွန် ၃၀

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်အဆင့် Coronavirus Disease 2019(Covid-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် (၉)နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ သည်။

အစည်းအဝေးတွင် မြို့နယ် Coronavirus Disease 2019 (Covid-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးနိုင်လင်းထက် က ယခုအခါ  Covid-19 ရောဂါသည် မြန်မာနိုင်ငံတွင်း မြို့နယ်များတွင် ကူးစက်ပျံ့နှံ့မှုများ ပြားလာပြီး သေဆုံးမှုတွေလည်းရှိနေပါကြောင်း၊ မိမိတို့မြို့နယ်အနေဖြင့်  ရောဂါကူးစက်မှု ဖြစ်ပေါ်လာပါက ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အဆင်ပြေစေရေး အတွက် မြို့နယ်အတွင်းလူငယ် Volunteer များအားပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရေး ချိတ်ဆက်ထားရှိရန်လိုအပ်ပါကြောင်း၊ ရောဂါကူးစက်သူများနှင့်ဆက်စပ် သံသယလူနာများ အတွက်  Quaratine Centre များဖွင့်လှစ်ပြီး စနစ်တကျထားရှိနိုင်ရေး ကြိုတင်စီစဉ်ထား ရှိရန်နှင့် ကြိုတင်ကာကွယ်ရေးအသိပညာပေး လုပ်ငန်းအဖြစ် Mask Campaign များပြု လုပ်ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာများနှင့် ပြည်သူများက ပူးပေါင်းပါဝင် ဆောင်ရွက် ကြစေလိုကြောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ကော်မတီဝင်များနှင့်လူမှုရေးအဖွဲ့ အစည်းများက COVID-19 ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအတွက် ဆောင်ရွက်မည့် အစီအမံများကို သက်ဆိုင်ရာကဏ္ဍအလိုက်  ရှင်းလင်းတင်ပြကြရာ တင်ပြ ချက်များအပေါ်  Coronavirus Disease 2019 (Covid-19) ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌက လိုအပ်သည်များပေါင်းစပ် ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

အောင်စံထွန်း