ဆွမ်ပရာဘွမ် ဇွန် ၃၀
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းသားသမီးများအား ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် ပညာသင်စရိတ်ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွှဲ ၃ နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်မြင့်က အမှာစကားပြောကြားပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး၊ မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်အေးအေးကျော့နှင့် အဖွဲ့ဝင်များက တက်ရောက်လာသော ဝန်ထမ်းသားသမီးများအား မူကြိုအဆင့်တစ်ဦးလျှင်(၇၀၀ဝိ/-) မူလတန်းအဆင့် တစ်ဦးလျှင် (၁၀၀၀ဝိ/-) ၊ အလယ်တန်းအဆင့် တစ်ဦးလျှင် (၁၂ဝဝဝိ/-) ၊ အထက်တန်းအဆင့် တစ်ဦးလျှင် (၁၅၀၀ဝိ/-) ၊ တက္ကသိုလ်အဆင့် တစ်ဦးလျှင် (၁၇၀၀ဝိ/-) ကျပ်နှုန်းဖြင့် ဝန်ထမ်းသားသမီး (၂၈) ဦးကို ငွေကျပ် (၄၂၄၀၀ဝိ/-) နှင့် ထီး၊ မိုးကာအင်္ကျီ အခြားပစ္စည်းတန်းဖိုးငွေကျပ် (၁၃၀၀ဝဝိ/-) စုစုပေါင်းကျပ် (၅၅၄၀၀၀ိ/-) အား ထောက်ပံ့ပေးခဲ့သည်။
ဆက်လက်၍ တက်ရောက်လာသောဝန်ထမ်းသားသမီးများနှင့်မိဘများကိုယ်စား ဦးမဇော်တူးက ကလေးများအတွက် ထောက်ပံ့ခြင်းအခမ်းအနားပြုလုပ်ပေးသည့်အတွက် အလွန်ကောင်းမွန်ကြောင်း၊ မိမိတို့ ကလေးငယ်များကလည်းပညာရေးကို အထူးကြိုးစားသင့်ကြောင်း၊ မိမိတို့ဝန်ထမ်းများမှလည်း ဝမ်းမြောက် ကြောင်း ၊ မိဘများအနေခြင့် မိမိတို့သားသမီးများအား ကောင်းမွန်သော အကျင့်စာရိတ္တများအား သွန်သင်ဆုံးမ သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။