မိုင်းယောင်း ဇွန် ၃၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမြတ်သူ၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးဇော်နိုင်လင်း၊ အဖွဲ့ဝင်(၂) ဦးစိုင်းဘွန်းစီ၊ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မြို့နယ်အဆင့် တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီဝင်များလိုက်ပါ၍ ယမန်နေ့ ညနေပိုင်းက ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ်က ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန၊ ကျိုင်းတုံမြို့မှ ပြည်နယ်ရန်ပုံငွေ (ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့်) မိုင်းယောင်း မြို့နယ် ဟောင်ကွေ့ရေလွှဲဆည် တည်ဆောက်ပြီးစီးမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး၊ သက်ဆိုင်ရာ ဆည်ရေအသုံးချသူများအဖွဲ့သို့ လွှဲပြောင်းပေးနိုင်ရေးအတွက် ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့သည် ရေတိုက်စားမှုကြောင့် ထေရဝါဒ ဗုဒ္ဓသာသနာပြု(ဝမ်ဇလီလော်)ကျောင်း၏ အနောက်ဘက် မြေထိန်းနံရံပြိုကျနေမှုအား ပြန်လည်ပြုပြင်ထိန်းသိမ်းနေမှုများကို ကြည့်ရှုခဲ့ကြောင်း သိရသည်။
အားချာ