လမိုင်း ဇွန် ၂၉
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ လမိုင်းမြို့၊ မြို့မ (၁) ရပ်ကွက်အတွင်းရှိ နိုင်ငံသားစိစစ်ရေးကတ် မရရှိ သေးသည့် ဒေသခံပြည်သူများ နိုင်ငံသားစိစစ်ရေးကတ်ပြား လက်ဝယ်ကိုင်ဆောင်ခွင့် ရရှိစေရန်အတွက် ယနေ့ နံနက် ၉ နာရီခွဲအချိန်ခန့်က မြို့မ(၁)အုပ်ချုပ်ရေးမှူးရုံး၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ပန်းခင်းစီမံချက်ဖြင့် ဒေသခံပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက် ပေးရာတွင် အသက်(၁၆)နှစ်နှင့် (၁၈)နှစ်အကြား(၁၀)ဦး၊ အသက် (၁၈) နှစ်ပြည့်ပြီးသူ(၆၀)ဦး၊ အိမ်ထောင်စုစာရင်း (မရှိ/ပျောက်ဆုံး) နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပျောက်/ပျက်သူ များအား လမိုင်းမြို့လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ လမိုင်းမြို့တာဝန်ခံ ဦးစီးမှူးနှင့် ဝန်ထမ်းများက ရပ်ကွက်/ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိပြီးကျန်ရှိနေသော ရပ်ကွက် /ကျေးရွာ များအရောက် ဆက်လက်ကွင်းဆင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လမိုင်း(ပြန်/ဆက်)