ကျိုင်းလပ် ဩဂုတ် ၁၁
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့တွင် ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု CERP အစီ အစဉ်ဖြင့် ထောက်ပံ့မှုအရ ဆောင်ရွက်သော မိုးစပါး ဆင်းဧကရီ-၃ မျိုးစေ့ထုတ် စိုက်ခင်းတွင် တာချီလိတ်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက တောင်သူများ မျိုးကွဲနှုတ်ပယ်ခြင်းကို သရုပ် ပြပွဲကို ယနေ့ ဆောင်ရွက်ခဲ့ကြောင်း မြို့ဦးစီးမှူးရုံး စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
COVID-19 Economic Relief Plan (CERP) အစီအစဉ်ဖြင့် မြို့အတွင်း စိုက်ပျိုးထားသော မိုးစပါးမျိုးစေ့ထုတ် စိုက်ခင်းများအား တာချီလိတ်ခရိုင် စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်မျိုးစေ့ တာဝန်ခံ ဦးအေးကို၊ ခရိုင်ပိုးမွှား တာဝန်ခံ ဦးရဲဝင်း၊ တာချီလိတ်မြို့နယ် ဦးစီးမှူး ဦးစိုင်းခင်ဇော်လတ်နှင့် ဝန်ထမ်းများတို့က ကြည့်ရှုစစ်ဆေးခဲ့ပြီး အဆိုပါ မျိုးစေ့ထုတ်စိုက်ခင်းများတွင် မျိုးကွဲနှုတ်ပယ်ရခြင်း ရည်ရွယ်ချက်များ၊ မျိုးကွဲနှုတ်ပယ်ပုံ နည်းစနစ်များနှင့် ပိုးမွှား ရောဂါ ကင်းရှင်းရေးအတွက် ကွင်းဝန်ထမ်းများနှင့် တောင်သူများအား နည်းပညာပေး ဆွေးနွေးခဲ့သည်။
စိုက်ပျိုးရေးဦးစီးဌာနသည် ကျေးလက်နေမိသားစုများ ဝင်ငွေတိုးပွားလာစေရန်နှင့် ကိုဗစ်-၁၉ ကြောင့် ဒေသတွင်း မျိုးစေ့ အခက်အခဲမရှိစေရန် CERP အစီအစဉ်ဖြင့် လုပ်ဆောင်လျက်ရှိရာ ကျိုင်းလပ်မြို့တွင် မိုင်းပါလျှိုးကျေးရွာ အုပ်စု၊ တောင်သူ ၃ ဦးဖြင့် မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်း ဧက ၂၀ ဆောင်ရွက်လျက်ရှိကြောင်း ယင်းစိုက်ခင်းတွင် (ပထမအကြိမ်) စိုက်ပျိုးရေးဦးစီးဌာန မြို့ဦးစီးမှူး ဦးစိုးမင်းအောင်က ပြောကြားခဲ့သည်။
ဖြူဖြူဝင်း (ပြန်/ဆက်)