ရန်ကုန် ဩဂုတ် ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ဒေသဖွံ့ဖြိုးတိုးတက်စေရန် မြို့နယ်အတွင်း သာယာလှပ စေရန်နှင့် ပြည်သူများသွားရေးလာရေး အဆင်ပြေစေရန် ရည်ရွယ်၍ ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက် ခြင်းကို ယမန်နေ့ နံနက်(၉)နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
ဆောင်ရွက်ရာတွင် အင်းစိန်မြို့နယ်၊ စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးသိန်းသန်းနှင့် တာဝန်ရှိသူများသည် မြို့နယ် လမ်းတံတားဆိုင်ရာ လုပ်ငန်းတာဝန်ခံအဖွဲ့မှ မြို့နယ်တာဝန်ခံ AE ဦးသန်းဦး တာဝန်ယူ ဆောင်ရွက်မည့် မင်းကြီးလမ်းရှိ ဘိုကုန်းမှတ်တိုင်နေရာရွှေ့ပြောင်းမည့် လုပ်ငန်းတည်နေရာတွင် လမ်းပခုံးသား ကွန်ကရစ်လောင်းရန်နှင့် အုတ်ရေမြောင်း ပြုလုပ်ရန်ပေတိုင်းခြင်း၊ Level ချိန်ခြင်းများ စသည့်လုပ်ငန်း အဆင့်ဆင့် ဆောင်ရွက်နေသော လုပ်ငန်းခွင်သို့ သွားရောက် ကြည့်ရှုရာ လုပ်ငန်းတာဝန်ခံ AE ဦးသန်းဦးမှ အကောင်းဆုံးနှင့် အလှပဆုံးဖြစ်စေရန် ဆောင်ရွက်မည့် အနေအထားများ ကို တင်ပြရာ တာဝန်ရှိသူများမှ ရန်ကုန်တိုင်းဒေသကြီးခရီးသည် ပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ (YRTA)မှ (YBS) မှတ်တိုင် တည်ဆောက်ရာတွင်လည်း အကောင်းဆုံးဖြစ်စေရန်ဌာနခြင်း ချိတ်ဆက်၍ ဆောင်ရွက်စေလိုကြောင်း စသည် တို့ကို လမ်းညွှန်မှာကြား ခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)