မိုင်းယု ဇွန် ၂၉
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသ မိုင်းယုမြို့တွင် သဘာဝ ပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေရန်နှင့် မြေဆီလွှာတိုက်စားမှုမှ ကာကွယ်ပေးနိုင်ရန်အတွက် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက်ပိုင်းက တာကြန့်ကျေးရွာအုပ်စု၊ တာကြန့်ကျေးရွာအနီး ထပ်ပူခမ်း(ခ)ရွှေဂဏန်းစေတီတော် တည်ရှိရာ တောင်ကုန်းရှိ သတ်မှတ်နေရာတွင် စုပေါင်းစိုက်ပျိုခဲ့ကြသည်။
အဆိုပါ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးမှုတွင် ကျွန်း(၁၀၀)၊ မန်ဂျန်းရှား(၁၀၀)၊ စိမ်ပန်းနီ(၃၅)ပင်နှင့် ငုရွှေဝါပင်(၃၅)ပင်၊ စုစုပေါင်းပျိုးပင် (၂၇၀)ပင်တို့ကို မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်(၁) ဗိုလ်မှူး ဇော်နိုင်လင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေမြတ်သူ၊ အတွင်းရေးမှူး ရဲမှူး မျိုးမြင့်ဦး၊ အဖွဲ့ဝင်(၂) ဦးစိုင်းဘွန်းစီနှင့် မြို့နယ်သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးစိုင်းသန်းညွှန့်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့နှင့် အမျိုးသမီးရေးရာ အဖွဲ့ဝင်များက တက်ရောက်ကာ စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
ကိုကိုနိုင်(မိုင်းယု)