မိုင်းယောင်း ဇွန် ၂၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ၂၀၂၁ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးရာသီ၌ ထပ်ပူခမ်းစေတီဘုရားကုန်း သာယာလှပစေရေးအတွက် ကျွန်းနှင့် အခြားအရိပ်ရအပင်များ၊ ချယ်ရီပင်များကို ယနေ့ နံနက်ပိုင်းအချိန်က စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမြတ်သူက စိုက်ပျိုးမည့် ပျိုးပင်များကို ဌာနဆိုင်ရာများ၊ မြို့နယ်မိခင်နှင့် ကလေး စောင့်ရှောက်ရေး အသင်း၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် ပြည်သူများအား ဖြန့်ဝေပေးခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမြတ်သူ၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးဇော်နိုင်လင်း၊ အဖွဲ့ဝင်(၂) ဦးစိုင်းဘွန်းစီ၊ အတွင်းရေးမှူး ရဲမှူးမျိုးမြင့်ဦး၊ မိုင်းယုမြို့အုပ်ချုပ်ရေးမှူး ဦးအောင်ပြည့်ဖြိုး၊ မိုင်းယောင်းနှင့် မိုးယုမှ သစ်တောရုံး ဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်တို့က ကျွန်း (၁၀၀) ပင်၊ မန်ဂျန်ရှား (၁၀၀) ပင်၊ စိန်ပန်းနီ (၃၅)ပင် နှင့် ငုရွှေဝါ(၃၅)ပင် စုစုပေါင်း ၂၇၀ ပင်တို့ကို စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
အားချာ