မိုင်းယု ဇွန် ၂၉
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်၊ နယ်စပ်ဒေသ မိုင်းယုမြို့တွင် ရှေ့တန်းရုံး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် ယမန်နေ့ မွန်းလွဲပိုင်းက ဒေသတွင်း ကွင်းဆင်းကာ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ် ပေးခဲ့သည်။
ယင်းသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မိုင်းယုမြို့ ရှေ့တန်းရုံး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန မြို့ဦးစီးမှူး ဦးစိုင်းနေမွန်ငြိမ်းနှင့် ဝန်ထမ်းများက ဒေသ တွင်းရှိ မိုင်းလွေကျေးရွာအုပ်စုသို့ ကွင်းဆင်းကာ အိမ်ထောင်စုလူဦးရေစာရင်း၊ ကလေး မွေးတိုးများ ပြုလုပ်ခြင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားအသစ်ပြုလုပ်သူများနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြား ပျောက်ပျက်/လှဲလှယ်သူတို့အတွက် နိုင်ငံသားစိစစ်ရေးကတ်ပြား (၃၂) ကတ်တိတိကို ထပ်မံထုတ်ပေးနိုင်ခဲ့ကြောင်းနှင့် ဇွန် ၁၄ ရက်နေ့က တစ်ကြိမ်၊ ဇွန် ၂၈ ရက်နေ့က တစ်ကြိမ်၊ စုစုပေါင်းနှစ်ကြိမ်အတွက် နိုင်ငံသားစိစစ်ရေး ကတ်ပြား(၆၄)ကတ်ထိ ထုတ်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း မြို့ရှေ့တန်းရုံး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာဦးစီးဌာနမှ သိရသည်။
ကိုကိုနိုင်(မိုင်းယု)