အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများလူမှုရေးပင်စင် ထောက်ပံ့ခြင်း အခမ်းအနား ညောင်ဦးမြို့နယ်တွင်ကျင်းပ

ညောင်ဦး ဇွန် ၂၉
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၉နာရီအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊အနော်ရထာခန်းမ တွင် ကျင်းပ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်မှုအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်ကအဖွင့်အမှာစကား ပြောကြား ပြီး ညောင်ဦးခရိုင် လူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်တင်တင်စိန်မှ ညောင်ဦးမြို့နယ်အတွင်း အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာနှစ်အတွင်း ဒုတိယသုံးလပတ် အတွက် လူမှုရေးပင်စင်ထောက်ပံ့ ပေးအပ်နိုင်မှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့်၊ ညောင်ဦးခရိုင် လူမှုဝန်ထမ်းဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး(ခရိုင်ဦးစီးမှူး)ဒေါ်တင်တင်စိန်တို့မှ ရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများထံ တစ်ဦးခြင်းလွှဲပြောင်းပေးအပ်သည်။
ယခုထောက်ပံ့ငွေမှာ ၂၀၂၀ - ၂၀၂၁ခု ဘဏ္ဍာနှစ် ဒုတိယသုံးလပတ်ဖြစ်သည့် ဇန်နဝါရီလ၊ ဖေဖော်ဝါရီ လ နှင့်မတ်လများအတွက်ထောက်ပံ့ပေးအပ်ခြင်းဖြစ်ပြီး တစ်မြို့နယ် အသက်(၈၅)နှစ်နှင့် အထက်ဘိုးဘွား (၁၄၉၄)ဦးအတွက်ငွေကျပ်(၄၄၈၂၀၀၀၀) လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း ညောင်ဦးခရိုင် လူမှုဝန်ထမ်းဦးစီးဌာန(ခရိုင်ဦးစီးမှူး) ဒေါ်တင်တင်စိန်ထံကသိရကာ၊လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်ပွဲသို့ ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း ဦးစီးဌာနမှ ဝန်ထမ်းများ၊မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်ရပ်ကွက်/ကျေးရွာစာရေးဝန်ထမ်းများတက်ရောက်ခဲ့ကြောင်းသိရသည်။
ကိုထိန်၊KPD