မိတ္ထီလာ၌ နိုင်ငံတစ်ဝန်းမှုခင်းစီမံခန့်ခွဲမှုအစီအစဉ် အကောင်အထည်ဖော်ဆောင်ရွက်ရေး မိတ်ဆက်ရှင်းလင်းပွဲ အခမ်းအနားကျင်းပ

မိတ္ထီလာ ဇွန် ၂၉
 
မိတ္ထီလာမြို့၌ နိုင်ငံတစ်ဝန်းမှုခင်းစီမံခန့်ခွဲရေးအစီအစဉ် အကောင်အထည်ဖော်ဆောင်ရွက်ရေး မိတ်ဆက် ရှင်းလင်းပွဲအခမ်းအနားအား ယနေ့နံနက် ၉ နာရီအချိန်က ခရိုင်တရားရုံးခန်းမတွင် ကျင်းပကြောင်း သိရသည်။
 
ရှေးဦးစွာ ခရိုင်တရားသူကြီး ဦးဝင်းနိုင် က အမှာစကားပြောကြားပြီး နိုင်ငံတစ်ဝန်းမှုခင်း စီမံခန့်ခွဲမှုအစီအစဉ်အကောင်အထည်ဖော်ဆောင်ရွက်ရေးနှင့်စပ်လျဉ်း၍မြို့နယ်တရားသူကြီး ဒေါမြညိမ်းအေးက ရှင်းလင်းဆွေးနွေးသည်။ ဆက်လက်၍ တွဲဖက်မြို့နယ်တရားသူကြီး ဦးထွန်းမင်းဦးက နိုင်ငံတစ်ဝန်း မှုခင်းစီမံခန့်ခွဲမှု အစီအစဉ်တွင် တရားခွင်အတွင်းမှုခင်းစီမံ ခန့်ခွဲမှုစနစ် ကျင့် သုံးခြင်းနှင့် ပုံစံများ ကို ပရိုဂျက်တာဖြင့်ပြသ၍ရှင်းလင်းဆွေးနွေးသည်။
၎င်းနောက် နိုင်ငံတစ်ဝန်းမှုခင်းစီမံခန့်ခွဲရေးအစီအစဉ်အကောင်အထည်ဖော်ရေးနှင့်ပတ်သက်၍ တက်ရောက်လာကြသူများက ဆွေးနွေးမြန်းရာ ခရိုင်တရားသူကြီး ဦးဝင်းနိုင်က ပြန်လည် ဆွေးနွေးဖြေကြားခဲ့ကြောင်း သိရသည်။
 
ချမ်းသာ