မတ္တရာ ဇွန် ၂၈
ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်တွင် ဇွန်လ ၂၇ ရက်နေ့က ကိုဗစ်၁၉ ရောဂါပိုးတွေ့ရှိခဲ့သူများနှင့် ထိစပ်ခဲ့သူများကို ယနေ့ နံနက် ၂၈နာရီက စစ်ဆေးရာ ၁၅ဦးတွင် ရောဂါပိုးထပ်မံတွေ့ ရှိခဲ့ကြောင်းသိရသည်။
ကိုဗစ်၁၉ရောဂါပိုးတွေ့ရှိသူများနှင့် ထိစပ်ခဲ့သူများကို ယနေ့ နံနက်ပိုင်းကမတ္တရာပြည်သူ့ဆေးရုံ တွင် ရောဂါပိုးရှိ/မရှိ စစ်ဆေးခဲ့ရာ ၁၅ဦးမှာကိုဗစ်၁၉ရောဂါ ပိုး တွေ့ရှိခဲ့သည်။
အဆိုပါ ပိုးတွေ့လူနာများမှာ အသက် (၅၈) နှစ်ရှိ အမျိုးသားတစ်ဦး၊ အသက်(၆၂)နှစ်ရှိ အမျိုးသား တစ်ဦး၊ အသက်(၅၅)နှစ်ရှိ အမျိုးသမီးတစ်ဦး၊ အသက် (၂၃) နှစ်ရှိ အမျိုးသမီးတစ်ဦး၊ အသက်(၃၅)နှစ်ရှိ အမျိုးသားတစ်ဦး၊ အသက်(၃၅)နှစ်ရှိ အမျိုးသမီးတစ်ဦး၊ အသက်(၂၅) နှစ်ရှိ အမျိုးသားတစ်ဦး၊ အသက်(၁၈)နှစ်ရှိ အမျိုးသမီးတစ်ဦး၊ အသက်(၁၃)နှစ်ရှိ အမျိုးသမီးတစ်ဦး၊ အသက်(၅၇)နှစ်ရှိ အမျိုးသားတစ်ဦး၊ အသက်(၃၈)နှစ်ရှိ အမျိုးသမီးတစ်ဦး၊ အသက်(၁၈)နှစ်ရှိ အမျိုးသားတစ်ဦး၊ အသက်(၄၂)နှစ်ရှိ အမျိုးသားတစ်ဦး၊ အသက်(၄၁)နှစ်ရှိ အမျိုးသားတစ်ဦးနှင့် အသက်(၄၆)နှစ်ရှိ အမျိုးသားတစ်ဦး၊ စုစုပေါင်း (၁၅)ဦးတို့တွင် ကိုဗစ် ၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်းသိရသည်။
အဆိုပါ ကိုဗစ်၁၉ရောဂါပိုးတွေ့ရှိသူများကို မတ္တရာမြို့ပြည်သူ့ဆေးရုံတွင် ထားရှိကုသ ဆောင်ရွက်ပေး သွားမည်ဖြစ်ပြီး ၄င်းပိုးတွေ့လူနာများနှင့် ထိစပ်ခဲ့သူများကို Quarantine Center တွင် ထားရှိနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
စိုးကျော်သူထွေး(မတ္တရာ)