ပုဏ္ဏားကျွန်း ဇွန် ၂၈
စစ်တွေခရိုင် ၊ ပုဏ္ဏားကျွန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက် နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး မိသားစုဝင်ငွေတိုးပွား၍ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ကျေးလက်နေအရွယ်ကလေးများ ပညာရေးအဆင်ပြေ အောင်မြင် ရေးကို ရည်ရွယ် မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ကျေးရွာပေါင်း ၃၆ ရွာတွင် အကောင်အထည် ဖော်ဆောင်ရွက် လျက်ရှိပြီး မြစိမ်းရောင်ကျေးရွာစီမံကိန်း အတိုးရငွေဖြင့်ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများအကောင် အထည် ဖော်ဆောင်ရွက်လျက်ရှိသည်။
ထို့သို့ ဆောင်ရွက်လျက်ရှိရာ မြစိမ်းရောင်စီမံကိန်းကျေးရွာဖြစ်သော ကွမ်းတောင်အုပ်စု ၊ ကွမ်းတောင်ကျေးရွာတွင် စီမံကိန်းအတိုးရရှိငွေမှ ငွေကျပ် ၁၃ ဒသမ ၀၀ သန်းဖြင့် ပြည်သူ့ ထည့်ဝင်ငွေ ငွေကျပ် ၀ ဒသမ ၇၈ သန်းဖြင့် ကျေးရွာနေပြည်သူများ လွယ်ကူစွာသွားလာ ရေးအဆင် ပြေစေရန် အတွက် မြေသားတာဘောင်ဖို့ခြင်းလုပ်ငန်း အတိုင်တာ အလျား ၂၀၂ ပေ ၊ အနံ ၂၀ ပေ ၊ အမြင့် ခုနှစ် ပေ နှင့် ကွန်ကရစ်တံတားတည်ဆောက်ခြင်းလုပ်ငန်း အတိုင်းအတာ အလျား ၁၈ ပေ ၊ အနံ ရှစ်ပေ ၊အမြင့် ခုနှစ် ပေ ၊ လုပ်ငန်းစုစုပေါင်း ကုန်ကျငွေကျပ် ၁၃ ဒသမ ၇၈ သန်းဖြင့် အကောင် အထည်ဖော်ဆောင်ရွက်မည့်အခြေအနေကို ယနေ့ နံနက် ၁၁ နာရီက စစ်တွေခရိုင်ဦးစီးမှူး ဦးစောဝေ ၊ မြို့နယ်ဦးစိးမှူး ဦးကျော်သန့်ဇင်၊ ခရိုင်၊ မြို့နယ် တာဝန်ခံ ဝန်ထမ်းများနှင့် ကျေးရွာ ကော်မတီဝင်များက ကွင်းဆင်းတိုင်တာဆောင်ရွက်ပြီး လုပ်ငန်း များအားသတ်မှတ်စံချိန် စံညွှန်နှင့်အညီ အရည်အသွေးပြည့်မီစွာဆောင်ရွက်သွားရန် ဆွေးနွေးခဲ့ ကြောင်း သိရှိရသည်။
ဝင်းမင်းစိုး