နေပြည်တော် ဇွန် ၂၈
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်း က အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇေထက်အောင် က ဇေယျာသီရိ မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ(၁၁) ဦး ရှိလာမှုကြောင့် မြို့နယ်အတွင်းရှိ ဈေးများအတွင်း ဈေးရောင်းသူ/ဝယ်သူများ Mask တပ်ဆင်ပြီးမှသာ ဈေးအတွင်းဝင်ရောက်နိုင်ရေး၊ အခြေခံပညာကျောင်းများကို ပိုးသတ်ဆေးဖြန်းခြင်းနှင့် မြို့နယ်အတွင်းရှိ စားသောက်ဆိုင်များ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ဖွင့်လှစ်ရောင်း ချနိုင်ရေးတို့ကို မြို့နယ်အဆင့်တာဝန်ရှိ ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ ပူးပေါင်းဆောင်ရွက် စေလိုကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တက်ရောက်လာသော ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများမှ တင်ပြဆွေးနွေးလာမှုအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိပြီး ဇေယျာသီရိမြို့နယ်တွင် ဇွန်လ ၂၈ ရက်နေ့အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ (၁၁) ဦး ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)