တန့်ယန်းမြို့နယ်တွင် အသက်မွေးဝမ်းကျောင်းဆိုင်ရာ ပန်းကြယ်သီးထိုးနည်းသင်တန်းဆင်းပွဲ ကျင်းပ

တန့်ယန်း  ဇွန်  ၂၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အသက်မွေးဝမ်းကျောင်းဆိုင်ရာ အထောက်အကူပြုသင်တန်းဖြစ်သည့် ပန်းကြယ်သီးထိုးနည်း သင်တန်းအား ဖွင့်လှစ်ခဲ့ရာ အဆိုပါ သင်တန်းဆင်းပွဲအား ယနေ့ နံနက် ၉ နာရီက မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးဇော်မင်းထွန်းက သင်တန်းဖွင့်လှစ်ခဲ့ရမှုနှင့် ပတ်သက်သည်များအား ရှင်းလင်းကာ တာဝန်ရှိ ဌာနဆိုင်ရာ အကြီးအကဲများနှင့်အတူ သင်တန်းနည်းပြဆရာနှင့် သင်တန်းတွင် ထူးချွန်ဆု ရရှိကြသူများကို ဂုဏ်ပြုဆုနှင့် သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

အဆိုပါသင်တန်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်၏ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းဖြစ်ပြီး သင်တန်းသို့ သင်တန်းသူ ၂၀ ဦး တက်ရောက်ခဲ့ကာ သင်တန်းကာလမှာ တစ်လကြာမြင့်ခဲ့ကြောင်း သိရသည်။                  

 မင်းလွင်ဦး(ပြန်/ဆက်)