မောင်တော ဇွန် ၂၇
ရခိုင်ပြည်နယ် မောင်တောမြို့၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မောင်တောမြို့ နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် ပြည်နယ် ရန်ပုံငွေဖြင့် အောင်သာယာကျေးရွာ၊ ဖားဝပ်ချောင်းကျေးရွာနှင့် စံကားပင်ရင်း (မြို)ကျေးရွာတို့တွင် ကျေးလက်အိမ်ရာများ တည်ဆောက်ခြင်း လုပ်ငန်းများဆောင်ရွက် လျက်ရှိကြောင်းသိရသည်။
အဆိုပါ ကျေးလက်အိမ်ရာများ တည်ဆောက်ရာ၌ အောင်သာယာကျေးရွာတွင် ပြည်နယ် ခွင့်ပြု ရန်ပုံငွေကျပ် (၂၆၅.၄၀၉) ကျပ်သန်းဖြင့် ကျေးလက် အိမ်ရာ (၃၀)လုံး၊ ဖားဝပ်ချောင်းကျေးရွာတွင် ပြည်နယ် ခွင့်ပြုရန်ပုံငွေကျပ် (၂၆၆.၄၈၉) ကျပ်သန်းဖြင့် ကျေးလက်အိမ်ရာ (၃၀) လုံးနှင့် စံကားပင်ရင်း (မြို) ကျေးရွာတွင် ပြည်နယ်ခွင့်ပြုရန်ပုံငွေကျပ် (၂၆၆.၃၉၆) ကျပ်သန်းဖြင့် ကျေးလက် အိမ်ရာ (၃၀)လုံး စုစုပေါင်း ကျေးရွာသုံးရွာရှိ ကျေးလက် အိမ်ရာ (၉၀)လုံး တည်ဆောက်လျက်ရှိရာ တည်ဆောက်နေမှု အခြေအနေများအား ယမန်နေ့က မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဦးသိန်းထွန်းနှင့် ဝန်ထမ်းများက သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြပြီး လုပ်ငန်းများကို စံချိန် စံနှုန်းများနှင့်အညီ သတ်မှတ် အရည်အသွေးပြည့်မှီစွာဖြင့် အချိန်မီ ပြီးစီးအောင် ဆောင်ရွက်ကြရန် တာဝန်ရှိသူများနှင့် လုပ်သားများ မှာကြားခဲ့ကြပြီး ကျေးလက်အိမ်ရာ အိမ်တစ်လုံးလျှင် အလျား ၁၈ ပေ၊ အနံ ၂၆ ပေ၊ အမြင့် ၉ ပေ ကျယ်ဝန်းပြီး လက်ရှိတွင် လုပ်ငန်း ၇၀ ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်ကြောင်းသိရသည်။
သက်လွင်စိုး