ရန်ကင်း ဩဂုတ် ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေး အန္တရာယ် တစ်စုံ တစ်ရာ ဖြစ်ပွားပါက အလွယ်တကူမီးငြိမ်းသတ်နိုင်စေရန်အတွက် ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ အခြေခံ မီးငြိမ်းသတ်နည်းများကို ဇာတ်တိုက်လေ့ကျင့် သရုပ်ပြခဲ့ ကြောင်း သိရသည်။
ရှေးဦးစွာ မီးဘေးကြိုတင် ကာကွယ်ရေးအတွက် သရုပ်ပြသ လေ့ကျင့်ပေးရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး အဝတ်စိုဖြင့် ဖုံးအုပ်၍ အရေးပေါ်မီးငြိမ်းသတ်နည်း၊ မီးသတ်ဆေး ဘူး အသုံးပြုပုံ အဆင့်ဆင့်နှင့် မီးငြိမ်းသတ်နည်းတို့ကို လက်တွေ့သရုပ်ပြသခဲ့ကြသည်။
ယင်းသရုပ်ပြပွဲ အခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြပြီး လက်တွေ့မီးငြိမ်းသတ်ခဲ့ကြကြောင်း သိရသည်။
လင်းလင်းထွန်း(ပြန်/ဆက်)