ညောင်ဦး ဩဂုတ် ၁၁
၂၀၂၀ ပြည့်နှစ် မတ်လတွင် ကျင်းပခဲ့သည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းများကို ယမန်နေ့က သက်ဆိုင်ရာစာစစ်ဌာနများအလိုက် အောင်စာရင်းများ ကပ်ထားသော်လည်း လာရောက်ကြည့်ရှုသူမရှိသလောက်နည်းပါးကာ Online မှကြည့်ရှုသူများပြားခဲ့ကြောင်း ညောင်ဦးခရိုင် ၊ အခြေခံပညာဦးစီးဌာန ၊ခရိုင်ပညာရေးမှူးရုံး ၊ဦးကြည်လင်း (လက်ထောက်ညွှန်ကြားရေးမှူး)ကပြောကြားသည်။
၂၀၂၀ပြည့်နှစ် မတ်လ ၁၁ ရက်နေ့တွင် စတင်ကျင်းပခဲ့သည့်တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းများကို ကိုဗစ်-၁၉ ကူစက်ရောဂါကာလ ဖြစ်သဖြင့် ကျန်းမာရေးဆိုင်ရာကန့်သတ်ချက်များကြောင့် မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဩဂုတ်လ ၉ ရက်နေ့ နံနက် ၁၂ နာရီခွဲက Online စနစ်ဖြင့် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ရာ ဩဂုတ်လ ၁၀ ရက်နေ့ ယနေ့တွင် သက်ဆိုင်ရာစာစစ်ဌာနအလိုက် အောင်စာရင်းများကပ်ထားေသာ်လည်း လာရောကကြည့်ရှုသူ မရှိသလောက်နည်းပါးကြောင်း သိရသည်။ ညောင်ဦးခရိုင်တွင် ၂၀၂၀ ပြည့်နှစ် မတ်လ ၁၁ ရက်နေ့တွင် စတင် ကျင်းပခဲ့သည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို တက္ကသိုလ်ဝင်တန်းစာဖြေဆိုသူစာရင်းရှိ (၁၃၇၀၄) ဦးရှိခဲ့ပြီး ဖြေဆိုသူ (၁၃၂၂၇)ဦးရှိကာ ဖြေဆိုအောင်မြင်သူ (၄၆၆၄) ဦး အောင်မြင်၍ ညောင်ဦးခရိုင် အောင်ချက်ရာခိုင်နှုန်း (၃၅ဒသမ၂၆၁)ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ညောင်ဦးခရိုင်အောင်မြင်မှုများအနက် ဘာသာစုံဂုဏ်ထူးရှင် (၂) ဦး၊ ငါးဘာသာဂုဏ်ထူးရှင် (၁၇) ဦး၊ လေးဘာသာဂုဏ်ထူးရှင်း (၂၃) ဦး ၊ သုံးဘာသာဂုဏ်ထူးရှင် (၅၄) ဦး၊ နှစ် ဘာသာဂုဏ်ထူးရှင် (၁၁၆) ဦး၊ တစ်ဘာဂုဏ်ထူးရှင် (၃၄၃) ဦးတို့ ထူးချွန်စွာအောင်မြင်ခဲ့ကြောင်း သိရသည်။
ကိုထိန်၊KPD