မိုးညှင်းခရိုင် Community Centre ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်

မိုးညှင်း   ဇွန်   ၂၅

ကချင်ပြည်နယ် မိုးညှင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ ယမန်နေ့ မွန်းလွဲ(၂)နာရီခွဲတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များမှ စာရေးဆရာအောင်သင်းရေးသားထားသည့် “ရည်မှန်းချက်နှင့် ပြဿနာအထွေထွေ”  စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းတွင် မိုးညှင်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်နွယ်နွယ်အေးက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင် ဒေါ်သွယ်သွယ်ထိုက်က လူငယ်တစ်ဦးနေနှင့် အသပြာချမ်းသာလိုသော စိတ်ရှိနေခြင်းသည် သူ၏ဘဝ တစ်လျှောက်တွင် အန္တရာယ်ရှိနိုင်/မရှိနိုင် အကြောင်းအရာကိုလည်းကောင်း၊ ဒေါ်သူသူအောင်က လူ့ဘဝမှာ ဘယ်အချိန်ဟာ တန်ဖိုးရှိပါသလဲအကြောင်းအရာကိုလည်းကောင်း၊ ဒေါ်ပိုပိုအောင်က ဗေဒင်နှင့် ဘဝရည်မှန်းချက်အကြောင်းအရာကိုလည်းကောင်း အသီးသီးပါဝင် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)