မုဒုံ ဇွန် ၂၅
Rubber Wood ကုမ္ပဏီများမှမွန်ပြည်နယ်အတွင်း ရော်ဘာပင်အိုခုတ်လှဲခွင့်ရ တောင်သူများသို့ ရော်ဘာပျိုးပင်များ ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် (၁၀) နာရီအချိန်တွင်မုဒုံမြို့၊နှစ်ရှည်ပင်များသုတေသနနှင့်နည်းပညာဖွံ့ဖြိုးရေးခြံ၊ ရော်ဘာပျိုးခင်းတွင်ကျင်းပရာ မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဦးဇော်လင်းထွန်းနှင့်ကောင်စီဝင်များ၊ဌာနဆိုင်ရာအကြီးအကဲများတက်ရောက်သည်။
ရှေးဦးစွာ မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဇော်လင်းထွန်းက အမှာစကားပြောကြားရာ တွင်မြန်မာနိုင်ငံသည် ရော်ဘာစိုက်ပျိုးထုတ်လုပ်သောနိုင်ငံများတွင်အစောဆုံးနိုင်ငံတစ်နိုင်ငံ ဖြစ်ပြီး စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်မှုကို ၁၉၀၅ခုနှစ်ကတည်းက စတင်ခဲ့ပါကြောင်း၊ တစ်နိုင်ငံလုံး၏ ရော်ဘာစိုက် ဧကမှာ၁၆သိန်းကျော်ရှိပြီး မွန်ပြည်နယ်တွင်ရော်ဘာစိုက်ဧက၅သိန်းကျော်ရှိသည့်အတွက် မွန်ပြည်နယ်သည် တစ်နိုင်ငံလုံးတွင် ၃၀ရာခိုင်နှုန်းကျော်စိုက်ပျိုးသော ပြည်နယ်ဖြစ်သလိုရော်ဘာပြည်နယ် လို့လဲပြောလိုရပါကြောင်း၊ လက်ရှိထုတ်လုပ်နေသည့် ရော်ဘာအရည်အသွေးသည် အခြားနိုင်ငံများနှင့် နှိုင်းယှဉ်ပါကနိမ့်ကျ လျက်ရှိသောကြောင့် နိုင်ငံတကာဈေးကွက်တွင်မယှဉ်ပြိုင်နိုင်ဘဲ ဈေးနှုန်းကျဆင်းလျက် ရှိတာကိုတွေ့ရှိရပါကြောင်း၊ ပြည်ပသို့တင်ပို့နိုင်ရန်အတွက် အဓိကအားဖြင့် အရည်အသွေးမြင့်မျိုးကောင်းမျိုးသန့် ရော်ဘာပင်များ ကိုစိုက်ပျိုးရန်လိုမည်ဖြစ်ကြောင်း၊ မွန်ပြည်နယ်အနေနဲ့သုံးနှစ်အတွင်းပင်အို/ ပင်ဟောင်း ရော်ဘာခုတ်လှဲခွင့်ပြုထားတဲ့ဧက (၄၈၁၅.၉၅)ဧကရှိပါကြောင်း၊ ၂၀၂၀-၂၀၂၁ခုနှစ်အတွင်း ခုတ်လှဲခွင့်ပြုဧက (၁၀၅၂.၂၈)ဧကရှိပြီး ခုတ်လှဲသည့်မြို့နယ်ဧရိယာများအား မျိုးကောင်းမျိုးသန့်များကို မဖြစ်မနေပြန် လည်စိုက်ပျိုး ရမှာဖြစ်ကြောင်း၊ ယနေ့အခမ်းအနား၌ ပင်အိုပင်ဟောင်းများခုတ်လှဲသည့်နေရာများတွင်ပြန် လည် အစားထိုးစိုက်ပျိုးနိုင်ရန်တောင်သူတွေလိုအပ်သည့် မျိုးကောင်းမျိုးသန့်ပျိုးပင်များ ကိုအခမဲ့ ပေးအပ်နိုင်ရန် အတွက် ရော်ဘာမျိုးကောင်းမျိုးသန့်ပျိုးပင်များကို စိုက်ပျိုးရေးဦးစီးဌာနမှ သက်သာတဲ့စျေး နှုန်းဖြင့်ဖြန့်ဖြူးပေးပြီး ရော်ဘာသစ်ကုမ္ပဏီများမှ ထောက်ပံ့ပေးအပ်ကြောင်း၊မွန်ပြည်နယ်၏ရော်ဘာ ကဏ္ဍဖွံ့ဖြိုးတိုးတက်ရန်နှင့် ရော်ဘာစိုက်ပျိုးသူတောင်သူများ လူမှုစီးပွားဘ၀ဖွံ့ဖြိုးတိုးတက်ရန် နိုင်ငံတော်အပိုင်းကဆောင်ရွက်နေသလို ယခုလိုပုဂ္ဂလိကကဏ္ဍများမှ ပူးပေါင်းဆောင်ရွက်ပြီး တောင်သူများ အနေနဲ့လည်းအရည်အသွေးမြင့် ရော်ဘာများထုတ်လုပ်နိုင်ရေးအတွက်ကြိုးပမ်းဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။
ထို့နောက်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဦးဇော်လင်းထွန်း၊ကောင်စီ၀င်ဦးအောင်ကြည်သိန်း နှင့်တာ၀န်ရှိသူများတို့သည် ရော်ဘာပင်အိုပင်ဟောင်း ခုတ်လှဲခွင့်ရခြံရှင်တောင်သူများထံသို့ ရော်ဘာ ပျိုးပင်များ ပေးအပ်ခဲ့ပြီး မုဒုံမြို့နယ်မှ ရော်ဘာစိုက်တောင်သူဦးမျိုးထွန်းက ကျေးဇူတင်စကား ပြန်လည် ပြောကြားသည်။
အဆိုပါRubber Wood ကုမ္ပဏီများမှပံ့ပိုးသော ရော်ဘာပျိုးပင်များအားပင်အိုခုတ်လှဲခွင့်ရတောင်သူများ ထံသို့ ပေးအပ်ပွဲအခမ်းအနားတွင် မော်လမြိုင်ခရိုင်အတွင်းရှိမြို့နယ်(၆) မြို့နယ်မှ တောင်သူများအား အရည်အသွေးမြင့်ရော်ဘာပျိုးပင်(၂၁၇၁၈၀) ပင်ကို ပေးအပ်ခဲ့ကြောင်းသိရသည်။
အောင်မျိုးသူ