ကွမ်းခြံကုန်း ဇွန် ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် သက်ကြီးဘိုးဘွားများ အား လူမှုရေးပင်စင်ထောက်ပံ့ ပေးအပ်ခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ တာဝန်ရှိသူထံမှ သိရသည်။
ကွမ်းခြံကုန်းမြို့နယ်အတွင်း၌ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ( ၈၅ )နှစ်အထက် အဘိုး၊ အဘွားကို လူမှုရေးပင်စင်များ (၃)လ တစ်ကြိမ် ထောက်ပံ့ပေးအပ်လျက်ရှိရာ ( ၂၀၂၀-၂၀၂၁ )ခုနှစ် ဘဏ္ဍာရေးနှစ်၊ ဒုတိယ သုံးလပတ် (ဇန်နဝါရီ၊ဖေဖော်ဝါရီ၊မတ်) အတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေ (၃၀၀၀၀)ကျပ် ကို အိမ်တိုင်ရာရောက် ပေးအပ်လျက်ရှိ ပြီး၊ ကွမ်းခြံကုန်းမြို့နယ်အတွင်းရှိ ဘိုးဘွား( ၄၈၆ )ဦးအား လူမှုရေးပင်စင် တစ်ဦးလျှင်(၃၀၀၀၀)ကျပ်နှုန်းဖြင့် (၁၄၅၈၀၀၀၀)ကျပ်အား ရပ်ကွက်အုပ်ချုပ်ရေးမှူး နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများက ဘိုးဘွားများထံ အိမ်တိုင်ရာရောက် ပေးအပ်လျက်ရှိကြောင်း သိရသည်။