ချောင်းဆုံ ဇွန် ၂၅
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ကညှော်ကျေးရွာမှ ဆောင်ရွက်လျက်ရှိသည့် ဘက်စုံအဆင့်မြင့် နည်းပညာသုံးစံပြကျေးရွာရှိ စိုက်ပျိုးမွေးမြူရေးကဏ္ဏများကို ယမန်နေ့ က မော်လမြိုင်ခရိုင် စိုက်ပျိုးမွေးမြူရေးကြီးကြပ်ရေးအဖွဲ့မှ အဆိုပါ ကျေးရွာသို့ ကွင်းဆင်းကြည့်ရှုခဲ့သည်။
ကွင်းဆင်းကြည့်ရှုရာတွင် ခရိုင်စိုက်ပျိုးမွေးမြူရေး ကြီးကြပ်ရေးအဖွဲ့ခေါင်းဆောင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးကျော်မြင့်ဦးဆောင်သောအဖွဲ့နှင့် ချောင်းဆုံမြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးကျော်လွင် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန ဦးစီးမှူး ဒေါက်တာနွဲ့နွဲ့ရီတို့သည် ယခုဘဏ္ဍာနှစ်အတွင်း ကညှော်ကျေးရွာတွင် ဆောင်ရွက်လျက်ရှိသည့် ဘက်စုံအဆင့်မြင့် နည်းပညာသုံးစံပြကျေးရွာရှိ စပါးစိုက်ခင်း ဧက(၃၀၀)စပါးစိုက်ပျိုးထားရှိမှု အခြေအနေနှင့် ကညှော်ကျေးရွာရှိ ကြက်မွေးမြူရေး၊ ဝက်မွေးမြူရေးလုပ်ငန်းနှင့် ချောင်းဆုံတိုးချဲ့ရပ်ကွက်ရှိ နွားမွေးမြူရေးခြံတို့တွင် မွေးမြူထားရှိမှု အခြေအနေတို့ကို ကွင်းဆင်းကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများထံမှာကြား ခဲ့ကြောင်း သိရသည်။
ချောင်းဆုံ(ပြန်/ဆက်)