မြစ်သား ဇွန် ၂၅
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာဦးစီးဌာနရုံးမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ယနေ့နံနက်(၉)နာရီခွဲက ဘူတာရပ်ကွက်ရှိ ဓမ္မပါလဓမ္မာရုံတွင် ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိရာ မြစ်သားမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးခိုင်နှင့် အဖွဲ့ဝင်များက ဘူတာရပ်ကွက်သို့ ကွင်းဆင်းကြည့်ရှုခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ရန် လာရောက်သည့် ဒေသခံပြည်သူများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးခိုင်က နိုင်ငံသားတစ်ဦးအနေဖြင့် ရရှိမည့်အကျိုးခံစား ခွင့်များ၊ နိုင်ငံသားစိစ်ရေးကတ်ပြား ပြုလုပ်ပေးရသည့်ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး၊ မြို့နယ်လဝကဦးစီးမှူး ဦးဝင်းဆွေက ပန်းခင်းစီမံချက်အကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။
မြစ်သားမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနရုံးမှ ပန်းခင်းစီမံချက်ဖြင့် ရပ်ကွက်၊ ကျေးရွာများအထိ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံသားစိစစ်ရေးကတ် (၆၀၀) ဦး ထုတ်ပေးထားရှိပြီးဖြစ်ကြောင်း သိရသည်။
မြမြမွန်(မြစ်သား)